Sunday, February 22, 2015

မတောက်တခေါက်ရေး ကဗျာလေးတွေ (၂၆)



                   နယ်လှည့်ပုဂ္ဂိုလ်များသို့

  သူ…
တောရဲ့ရှစ်မျက်နှာလုံး
နုံးနုံးပမ်းပမ်း
ခရီးကြမ်းနှင်
အရိုင်းကိုအယဉ်ဖြစ်အောင်
စွမ်းဆောင်မယ်မျှော်လင့်ရင်း ။

  ဟိန်းဟောက်ခြိမ်းခြောက်တယ်လို့
အရိုင်းတို့ထင်မြင်ပေမယ့်
နူးညံ့တဲ့နှလုံးသားမှာ
မေတ္တာစေတနာအပြည့်နဲ့ပါ ။

  ကျွဲပါးစောင်းတီး
ခရီးမရောက်ဘူးဆိုပေမယ့်
နားလည်တဲ့ကျွဲ
ရှိလည်းရှိတန်ကောင်းရဲ့ဆိုပြီး
သူ..ဆက်တီးနေတယ် ။

  အင်း…
အရိုင်းအချို့
အ၀တ် ၀တ်ဖို့လက်ခံလာတာမြင်တော့
သာဓုပေါ့ ဆရာရယ် ။
                                          (နဂါးနိုင်)

No comments:

Post a Comment