Wednesday, February 11, 2015

မတောက်တခေါက်ရေး ကဗျာလေးတွေ (၂၁)





                   အယဉ် ၊ အရိုင်း

  တံခါး
ပိတ်ထား မထား
ဝင်လိုငြားက
အချက်ပြခေါက်ပေးကြရတယ် ။

  တံခါးခေါက်ဝင်ရင်
လူယဉ်ကျေးတဲ့ ။

  မခေါက်ဘဲဝင်ရင်
ရိုင်းပြတယ်လို့မြင်ကြတယ် ။

  အသံပေးဝင်
လူယဉ်ကျေးများ
ပြန်ထွက်သွားတော့
ကွမ်းအစ်ဖျာများပျောက်သွားပေါ့ ။

  တံခါးမခေါက်တဲ့လူုရိုင်း
ဝင်ချင်တိုင်းဝင်လာပြီး
နာရီကြီးကိုဖုန်သုတ်
ပစ်ရမယ့်အမှိုက်ထုပ်ကိုထမ်း
လာလမ်းအတိုင်းထွက်သွားတယ် ။
                                              (နဂါးနိုင်)

No comments:

Post a Comment