Wednesday, February 11, 2015

မတောက်တခေါက်ရေး ကဗျာလေးတွေ (၂၂)





                   ပြုံးလိုက်ပါလား

  ကြယ်စုံတဲ့ည
ဘယ်လောက်လှလှ
လမင်းသာတဲ့ညကိုမမှီ ။

  ဖဲကြိုးဝါနီစည်းနှောင်ထုံး
ပိတုန်းရောင်ကျော့ကေသာမှာ
တပွင့်ပန်းသာပန်လိုက်ရင်
ယဉ်သထက်ယဉ်သကို ။

  ရွှေသမင်မျ က်လုံး
မျ က်ခုံးဇင်ယော်တောင်
သွားနော်ကမာပုလဲနှယ်
သနပ်ခါးရည်ကျဲ နဲ့
လှပြီးတဲ့မျ က်နှာမှာ
ပိုလှစရာတခုလိုနေတယ် ။

  ချ စ်ရသူရေ
လဆိုတာ ညကို
ပိုလှစေသလို
ပန်းဆိုတာကေသာထက်
ဂုဏ်တက်စေသလို
မျ က်နှာချို ပြုံးတာလေးက
ပြည့်စုံတဲ့အလှပေါ့ ။

  ဒီတော့ကာ
ချ စ်သူပြုံးသောအခါ
ကိုယ့်နှလုံးသာယာ
အားရပါးရပြုံးစမ်းပါ ။
                              (နဂါးနိုင်)


No comments:

Post a Comment