Sunday, February 22, 2015

မတောက်တခေါက်ရေး ကဗျာလေးတွေ (၂၄)



                   အိုင်ကလေး

  အိုင်ကလေး
ခြေဆေးဖို့လား ။

  အိုင်ကလေး
ရေအေးကြည်တာလဲရှိ
နောက်ကျိတာလည်းရှိမည်
ကြည်ကြည်နောက်နောက်
သူစောင့်နေမှာဘဲ ။

  အိုင်ကလေး
ခြေဆေးပြီးသူအား
စွန့်မသွားဖို့အရေး
ဇွတ်မတားနိုင်ပေမယ့်
သူနဲ့နေခဲ့စေချင်တာပါဘဲ ။

  ဆေးပြီးဖက်ဖက်
ဆေးပြီးထွက်ထွက်
အိုင်ပျက်သွားတာတော့အမှန်ဘဲလေ…။
                                                    (နဂါးနိုင်)



No comments:

Post a Comment