Tuesday, February 10, 2015

မတောက်တခေါက်ရေး ကဗျာလေးတွေ (၂၀)





                   နင်းပြား

  အသားစားတဲ့ကျား
နွားကိုအလွတ်မပေး
သွေးစိမ်းရှင်ရှင်ထွက်အောင်ကိုက်သတ်တတ်တော့
ကြောက်လိုက်တဲ့နွား..ပေါ့ ။

  ဒါကြောင့်…မှတ်သား
ကျားသနားမှ
နွားချမ်းသာသတဲ့ ။

  ထူးထူးဆန်းပြား
အမဲသားမ၀ါးဘဲ
နွားစားမယ့်မြက်
ကျားထွက်ဆွဲစားသွားသတဲ့ ။

  အင်း…..ဒါလဲဘဲ
ကျားသနားမှ
နွားချမ်းသာမှာဘဲလေ ။
                                 (နဂါးနိုင်)

No comments:

Post a Comment