Monday, February 9, 2015
မတောက်တခေါက်ရေး ကဗျာလေးတွေ (၁၃)
မြင်နိုင်တဲ့မျက်စိနဲ့ မမြင်နိုင်တဲ့နောက်စေ့
♣ လှုပ်လှုပ်ရွရွ
မစင်ပုံကလောက်ကိုကြည့်ကာ
မသတီရှာတဲ့ကိုလူသား ။
♣ လှုပ်လှုပ်ရွရွ
ကာမဂုဏ်ကြားကလူသားကိုကြည့်ကာ
မသတီရှာတဲ့ကိုနတ်သား ။
♣ လှုပ်လှုပ်ရွရွ
အာရုံကြားကနတ်သားကိုကြည့်ကာ
မသတီရှာတဲ့ကိုဗြဟ္မာ ။
♣ တည်တည်ငြိမ်ငြိမ်
ဈာန်အိမ်ထဲဝင်စား
ဗြဟ္မာကားမေ့နေပေ
လောက်၊လူ၊နတ်တွေအပြင်
ငရဲတခွင်ကြား
ရောက်သွားနိုင်သေးတယ်ဆိုတာကို ။
(နဂါးနိုင်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment