Wednesday, February 25, 2015

မတောက်တခေါက်ရေး ကဗျာလေးတွေ (၃၄)



                   နှလုံးအေးသူ

  လေအေးပေးစက်ဟာ
အပြင်မှာဘယ်လောက်ပူပူ
အခန်းတွင်းနေသူကိုအေးစေတယ် ။

  အခန်းတွင်းနေသူတွေမှာ
အေးတာနှစ်ခြိုက်သူရှိသလို
မကြိုက်သူတွေလည်း
ရှိမှာပါဘဲ ။

  ငါဟာ…
အေးတာမကြိုက်
အပြင်ထွက်နေလိုက်လို့လည်းမဖြစ်
ပိတ်ခိုင်းပြစ်ဖို့လည်းမလျှော်
သို့ပါသော်ကြောင့်
ဂျာကင်ကောက်ဝတ်လိုက်တယ် ။

  ခုမှာ…
သူတို့တွေဟာ
အပြင်ခန္ဓာဘဲအေးနေတာ
ငါ့မှာကား
နှလုံးသားပါအေးနေတယ်။
                                (နဂါးနိုင်)

No comments:

Post a Comment