လူ့ဘ၀က ဆယ်စုနှစ်တောတွေထဲကို တိုးဝှေ့ပြီးလာလိုက်တာ....ဒီနေ့မှာ ဒုက္ခဒဏ်ရာဒဏ်ချက်
ပေါင်းမြောက်များစွာနဲ့ ရှင်သန်နေဆဲပါ။ တခါတခါ မဆိုစလောက်တဲ့ သုခလေပြေလေညှင်းလေးတွေ
ကြောင့် စပ်ဖြင်းဖြင်းဒုက္ခအနာတွေကို မေ့မလိုဖြစ်ရပြန်တယ် ။ လောကဓံ(၈)ပါးရဲ့ ထုဆစ်မှုကလည်း
ကိုယ့်အတွက်ဆိုရင်“ အ”တွေက အရေအတွက်ပိုများနေသလားလို့။ သို့သော်လည်းဘဲ ဆရာဇော်ဂျီရဲ့
“ဗေဒါလမ်း”ကဗျာလေးထဲကလို “ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျှက်ဘဲ” ပေါ့ဗျာ။
မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ရေ....။ ငယ်ငယ်တုန်းကဖြင့် စာအတော်အတန်ဖတ်ဖြစ်ပါတယ်
(ခုမဟုတ်)။ အဲဒီတုန်းက ဖတ်တာသက်သက်မဟုတ်ဘဲ လိုက်ပြီးရေးမှတ်ခဲ့တဲ့ အကျင့်လေးရှိတယ်ဗျာ။
အားနည်းချက်တစ်ခုကတော့ ရေးမှတ်လိုက်တဲ့အကြောင်းအရာဟာ ဘယ်စာအုပ်စာပေကဘယ်သူရေး
ထားတာဆိုပြီး မမှတ်ခဲ့လိုက်ရတာပါဘဲ။ ဒီတော့ ဒီBlogလေးမှာအကြောင်းအရာလေးတစ်ခုများတွေခဲ့
ရင်ဖြင့် သဘောထားကြီးစွာနဲ့လှူ ဒါန်းပါလို့အလှူ ခံပါတယ် ဒကာဒကာမကြီးတို့ဗျား..။နောက်တစ်ခုက
ကျွန်တော့်ကိုယ်ပိုင်အတွေးအခေါ်လေးတွေလည်း ပါမှာမို့လို့ အကယ်၍များ မိတ်ဆွေရဲ့ အတွေးအခေါ်
အရေးအသားနဲ့ သွားတူနေခဲ့ရင် အဲဒါကိုမိတ်ဆွေသာလျှင် ပထမဖန်တီးသူလို့ မှတ်ယူပေးပါမယ်။
မလိမ္မာတာရှိရင်သွန်သင်ဆုံးမပါခင်ဗျာ။
ပုံမှာပါတဲ့ ကျွန်တော့်မှတ်စုဟောင်းလေးဟာ ကျွန်တော် အလယ်တန်းကျောင်းသားဘ၀ထဲကပါ ။
စာသင်နှစ်ကုန်လို့ ကျောင်းသုံးဗလာစာအုပ်ထဲက လက်ကျန်စာရွက်လွတ်တွေကိုဖြုတ် မသေမသပ်နဲ့
ချူ ပ်ထားတာလေးပါ။ ဒီထဲမှာရေးမှတ်ထားတာတွေဟာ သိပြီး၊တတ်ပြီး၊မှတ်ပြီးတဲ့သူတွေအတွက် အပို
ဖြစ်နေပေမယ့်ဥာဏ်ပညာကြွယ်ပြီးအတွေ့အကြုံ နုနယ်သေးတဲ့ ညီငယ်၊ ညီမငယ်တွေအတွက်တော့
အကျိုးရှိလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။
(နဂါးနိုင်)
No comments:
Post a Comment