ဆပ်ပြာပူပေါင်းနံနက်ခင်း
♣
ရှင်လူထွက်
ပုခက်တွင်း
ချစ်ခြင်းမှာ မျက်စိမပါ…တဲ့
။
♣
မိုင်ရာချီဝေး
မမှီသေးတဲ့ပန်း
တုံးခုလှမ်း
ရွှေဘုံနန်းကရွှေမင်းသမီး
သတင်းကြီးသမျှ
ချူရေးခက်လှတာ…။
♣
ဒီတခါ
မဖြစ်နိုင်တာတွေမရှိ
ကံ၏စစ်ကူ
လုံ့လယူတိုက်ပွဲ
ဇွဲကြီးမှုဒဏ်မခံနိုင်ခဲ့
မိုးနဲ့မြေကြီး
ပေါင်းစပ်ပြီးသွား
ပျော်လိုက်တာများနော်…။
♣
ကန်နှိုးတဲ့
အဖေ့ခြေထောက်
နောက်တချက်မမြှောက်ခင်
အလူးအလဲထ
ဆိုက်ကားထွက်နောက်ကျနေပြီ ။
(နဂါးနိုင်)
No comments:
Post a Comment