မရေးဖြစ်ရခြင်းအကြောင်း ကတော့ ...............
ဒီကနေ့
♣
အိုင်ရှည်
အိုင်ရှည်
အိုင်သာရှည်
ရေမရှိ ။
♣
ခုတ်စရာဝါးမရှိ
လုပ်စရာတောင်ယာမရှိ
ယာမရှိစပါးမလာ
ဝါးမရှိငွေမလာ ။
♣
“လား”
ချိုး တနွေစာ
မိုးခါအငတ်နေမလား ။
♣
ဆန်ရေးခက်တဲ့ကြားမှာ
သောက်သုံးစရာရေမရှိ
ခက်လှဘိကွယ် ။
♣
ဒီကနေ့
ပိုက်ထိပ်ကရေတွေ့ပြီ
စိမ့်စမ်းရေသည်အေးတကား
။
(နဂါးနိုင်)
22.1.2015, 1:28 PM
“အိုင်ရှည်” = ကရင်ရွာကလေး၏အမည်။
“လား” = တံမြက်စည်းပင်။
No comments:
Post a Comment